📝ကျောင်းသူ၊ကျောင်းသားများ၏ အားကစားစိတ်ဓာတ် ပြည့်ဝလာစေရန်နှင့် အနိုင်အရှုံးထက် မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသည့် စိတ်ဓာတ်များ ရရှိစေရန် ရည်ရွယ်၍ DAGUN International School ၏ Sports Day ကိုကျောင်းသူ၊ ကျောင်းသားများသာမက ကျောင်းသားမိဘများနှင့် ဆရာဆရာမများပါ စုံညီစွာ ပါဝင်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

🟨ယခုနှစ် အားကစားပြိုင်ပွဲတွင် Shuttle Run၊ Hopping Race၊ Throw Target Accuracy၊ (၁၀၀) မီတာ အပြေးပြိုင်ပွဲနှင့် Standing Long Jump စသည့် ယှဉ်ပြိုင်မှုများအပြင် House များအလိုက် ယှဉ်ပြိုင်ရသည့် လွန်ဆွဲပွဲနှင့် မြန်မာ့ရိုးရာ ထုပ်စီးတိုးပွဲများတွင်လည်း IB Learner Profile နှင့်အညီအသင်းသားအချင်းချင်း ထိရောက်စွာ တိုင်ပင်ညှိနှိုင်းမှု နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် အသင်းအလိုက် အောင်မြင်မှုများကို အရယူနိုင်ခဲ့ကြပါသည်။

🟨Awarding Ceremony တွင် တစ်ဦးချင်းအလိုက် ထူးချွန်သူများသာမက အသင်းအလိုက် အနိုင်ရရှိခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများကိုပါ ဂုဏ်ပြုဆုတံဆိပ်များ ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါသည်။

[English Text]

📝To foster a strong spirit of sportsmanship among students and to encourage a mindset focused on personal growth rather than merely winning or losing, DAGUN International School held its Sports Day today.Not only students, but also parents and teachers participated together, making the event lively and festive.

🟨This year’s sports competitions included Shuttle Run, Hopping Race, Throw Target Accuracy, 100-meter race, and Standing Long Jump. In addition, there were house-based team competitions such as Tug of War and the traditional Myanmar game Htote-See-Toe. In alignment with the IB Learner Profile, students successfully achieved team accomplishments through effective communication (Communicators) and systematic collaboration (Teamwork).

🟨During the Awarding Ceremony, medals were presented not only to outstanding individual performers but also to students who won as teams, recognizing their achievements appropriately and honorably.

#DAGUNInternationalSchool #SportsDay2026 #Sportsmanship #IBLearnerProfile #Teamwork
#StudentDevelopment

DAGUN International School

Address:

DAGUN International School Office, Ye' Dagun Taung City, Patheingyi Township, Mandalay, Myanmar.

Phone:

+959 444 554 053
+959 777 765 732

Email:

adhr@dagunis.com
admissions@dagunis.com

Newsletter

Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2024 by Dagun International School.